(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၇

အမေရိကန်အစိုးရသည် ရုရှားနိုင်ငံ အပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို မကြာမီ အနာဂတ် ကာလတွင် ဖြေလျှော့ပေးဖွယ်ရှိသည်ဟု Financial Times သတင်းစာက ဖေဖော်ဝါရီလ၂၅ ရက် တွင် ဖော်ပြသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တော်၌ ကျင်းပခဲ့သည့် ရုရှားနှင့်အမေရိကန်အဆင့်မြင့်အရာရှိကြီးများ၏ ဆွေးနွေး မှု အတွင်း ရုရှားအရာရှိကြီးများက စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆိုပြုချက် အများအပြားကို အမေရိကန်နိုင်ငံသို့ ပေးအပ်ခဲ့ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် မဝေးတော့သည့်ကာလတွင် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးဖွယ်ရှိသည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။
နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် သည် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအပေါ် အပြောင်းအလဲလုပ်ဆောင် စေခဲ့ပြီး နှစ်နိုင်ငံကြား ဆက်လက်လုပ်ဆောင်မည့် စေ့စပ်ဆွေးနွေးမှုများအပေါ်မူတည်၍ ပိတ်ဆို့မှုများဖြေလျှော့ပေးရေးကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယူကရိန်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ရေး အတွက် အနောက်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် ၎င်းတို့၏ပိတ်ဆို့မှုများကို ဖြေလျှော့ပေး ရန် ဖိအားပေးခံရမည်ဖြစ်ပြီး အဆိုပါနိုင်ငံများအနေဖြင့် အလျှော့ပေးရန်လိုအပ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မားကိုရူဘီယိုက ယခုလအတွင်း ပြောကြားခဲ့ကြောင်း Ivt သတင်းဌာနမှာ ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews