Football For School ပရိုဂရမ် စီမံကိန်းအဖြစ် အခြေခံပညာကျောင်းများတွင် ဘောလုံးပညာသင်ပေးမည်


(အားကစား) ဖေဖော်ဝါရီ ၂၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် အားကစားနှင့်ပညာရေးဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ အခြေခံပညာသင်ကျောင်းများမှာ (Football For School) ပရိုဂရမ်စီမံကိန်းအဖြစ် အခြေခံဘောလုံးပညာရပ် များကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးသွားမည်ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

အဆိုပါစီမံကိန်းကို လာမယ့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ပြီး ဘောလုံးအခြေခံနည်းစနစ်များပါဝင်သည့် အပလီကေးရှင်းများကို ကျောင်းများမှာ ဖြန့်ဝေကာ နည်းပြ ဆရာ၊ ဆရာမများက ကာယအချိန်များတွင် သင်ကြားပေးရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစီမံကိန်းအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သို့ Adidas ကုမ္ပဏီမှထုတ်လုပ်သော ကလေးကန်ဘောလုံးအလုံးရေ ၄ သောင်းကျော်ကို (Football For School)ပရိုဂရမ် စီမံကိန်း ပြုလုပ်မယ့် ကျောင်းများသို့ ပံ့ပိုးဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ သိရပြီး အဆိုပါ (Football For School) ပရိုဂရမ်စီမံကိန်းကို ကျောင်းများတွင် နှစ်စဥ်တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN