ယူကရိန်းရှိ တွင်းထွက်သတ္တုများ အမေရိကန်ကို ပေးမည်ဟုဆို

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၆


ယူကရိန်းနိုင်ငံမှ မြေရှားသတ္တုနှင့် တွင်းထွက်များ အမေရိကန်ကို ပေးရန် သဘောတူညီချက်တစ်ရက် လာမည့်အပတ်တွင် လက်မှတ်ထိုးသွားဖွယ်ရှိကြောင်းသိရသည်။


ယူကရိန်း၏ တွင်းထွက် သတ္တုများ အမေရိကန်နှင့် ပူးပေါင်းထုတ်ယူမည့် သဘောတူညီချက်အား လက်ခံခဲ့ပြီး ယူကရိန်းအနေဖြင့် စစ်ရေးအကူအညီများ ဆက်လက်ရရှိရန်ဖြစ်ကြောင်း ယူကရိန်းအစိုးရအဖွဲ့အကြီးတန်းအရာရှိတစ်ဦးက မီဒီယာများအား ဖြေကြားထားသည်။


သမ္မတထရမ့်တောင်းဆိုခဲ့သည့် သယံဇာတ တန်ဖိုး ယူရို ၅၀၀ ဘီလီယံအစား ၃၅၀ ဘီလီယံသို့ ပြောင်းလဲ သဘောတူညီခဲ့ကြောင်းသိရသည်။


ယူကရိန်းအနေဖြင့် ရုရှားနှင့် ဆက်လက်တိုက်ခိုက်ရှိမည်ဖြစ်သောလည်း စစ်ရေးအရ အကူအညီပေး မပေးကိုမူ ရှင်းလင်းသည့် ပြောဆိုချက်မရှိကြောင်းသိရသည်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ထားသော ငွေကြေးများအား ပြန်လိုချင်ကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်အခွန်ထမ်းများ၏ ပေးဆောင်ခဲ့သော အခွန်များ ပြန်ရတော့မည်ဖြစ်ကြောင်း ထရမ့်ကဆိုသည်။


အမေရိကန်သတင်းရင်းမြစ်များ၏ အဆိုအရ ယူကရိန်း၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေး ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုမည့် ရန်ပုံငွေဖြစ်နိုင်ကြောင်း ရေးသားထားသည်။

PAN