အိမ်ကွင်းရှုံးပွဲကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာ ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အဆင့်မျိုးမရှိကြောင်း ဝန်ခံခဲ့


(အားကစား) ဖေဖော်ဝါရီ ၂၄

လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာ ဟာ ဒေါသပေါက်ကွဲခဲ့ပြီး မိမိတို့အနေဖြင့် ချန်ပီယံဆုစိန်ခေါ်နိုင်သည့် အဆင့်မျိုးမရှိကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း ပွဲကျပ်ကစားရမယ့် အခြေ အနေကို အခွင့်အရေးမယူနိုင်ဘဲ ဝက်စ်ဟမ်းအသင်းအား အိမ်ကွင်းမှာပင် တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို ၇၃ မိနစ် တွင် နောက်ခံလူ လူးဝစ်စကယ်လေ အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရ ပါတယ်။

ယခုရာသီမှာ အာဆင်နယ် အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအိမ်ကွင်းရှုံးပွဲလည်း ဖြစ် လာခဲ့ပါတယ်။ ဒါကြောင့် နည်းပြ အာတီတာ က ၎င်းအနေနဲ့ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပြီး စွမ်းဆောင်ရည်မှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အဆင့်မျိုးမရှိကြောင်း၊ ထို့အတွက် ၎င်းတွင်သာ တာဝန်ရှိကြောင်း ပွဲ အပြီးမှာ ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN