အိမ်ကွင်းခြောက်ပွဲတွင် တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့သည့် မှတ်တမ်းဆိုး လက်စတာအသင်းပိုင်ဆိုင်ခဲ့


(အားကစား) ဖေဖော်ဝါရီ ၂၃

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ လက်စတာ အသင်းအနေဖြင့် လေးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ရာသီအတွင်း အိမ်ကွင်း ခြောက်ပွဲတွင် ဂိုးမရရှိခဲ့ဘဲရှုံးနိမ့်ခဲ့သည့် မှတ်တမ်းဆိုးတစ်ရပ် ပိုင်ဆိုင်ခဲ့ရပါတယ်။

လက်စတာအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်လာ ခဲ့သော် လည်း ရာသီအစပိုင်းတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေခဲ့ပြီးနောက် နည်းပြအပြောင်းအလဲလုပ်ဆောင်ခဲ့ပြီး နည်းပြသစ်အဖြစ် မန်ယူအသင်း လက်ထောက်နည်းပြ ဟောင်းနစ္စတယ်ရွိုင်းကို ခန့်အပ်ခဲ့သော်လည်း အသင်းအနေနဲ့ ရလဒ်များ ကောင်းမွန်လာခြင်းမရှိသေးဘဲ ဆက်လက်ဆိုးရွားနေဆဲဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN