(အားကစား) ဖေဖော်ဝါရီ ၂၃

ချဲလ်ဆီးအသင်း က အသင်း၏ကစားကွက်နှင့် ကိုက်ညီမှုရှိသည့် တိုက်စစ်မှူး ဂျာအိုဖီးလစ်နှင့် အန်ကူကူ ကို လာမည့်နွေရာသ တွင် အပြီးသတ်ရောင်းချရန်နှင့် ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ဖာရန် တောရက်စ် ကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ဇန်နဝါရီအပြောင်း အရွှေ့ကာလမှာ အေစီမီလန်အသင်းကို အငှားစာချုပ်နဲ့ သွားရောက်ကစားစေခဲ့ပြီး အပြီးသတ်ဝယ်ယူခွင့် ရရှိရန် ဆွေးနွေးလာတာကြောင့် ရောင်းချသွားမှာဖြစ်တဲ့အပြင် တိုက်စစ်မှူး အန်ကူကူကိုလည်း လာမည့်နွေရာသီမှာ အပြီးသတ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းတောင်ပံကစားသမား ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ နဲ့ ပြန်လည် ခေါ်ယူရန် စီစဉ်ထားပြီး ဘာစီလိုနာအသင်းကလည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ယခုနှစ် ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်း တိုက်စစ်ပိုင်းအနေနဲ့ အမှတ်ပေးပြိုင်ပွဲတွင် သွင်းဂိုး ၄၇ ဂိုးထိသာ သွင်းယူနိုင်ခဲ့ကာ တိုက်စစ်ပိုင်းလိုအပ်ချက်ကို ထပ်မံဖြည့်တင်း ပေးနိုင်ရန် နည်းပြ မာရက်စ်ကာ၏ ကစားကွက်နှင့်ကိုက်ညီတဲ့ ဖာရန်တောရက်စ် ကို ခေါ်ယူရန် ချဲလ်ဆီးအသင်းဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews