(မှုခင်း) ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် အရပ်သားတစ်ဦးကို အကြမ်းဖက် PDF တွေက ဒလန်အမည်တပ်ပြီးကာ ယမန်နေ့က သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
သတ်ဖြတ်ခံရသူသည် စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးရပ်ကွက်၊ မြောက်ဘော်ဂါရပ်မှာနေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုကိုဦး(ခ)ကမ္ဘာစိုး ဆိုသူဖြစ်ကြောင်းသိရပြီး အစ်ကိုဝမ်းကွဲဖြစ်သူ ကိုဇော်လင်း နှင့်အတူ နေအိမ်မှာရှိနေစဥ် အကြမ်းဖက် PDF ၄ ဦးမှ ဆိုင်ကယ် ၂ စီးနဲ့ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ထိုပစ်ခတ်မှုကြောင့် နေအိမ်အရှေ့ဘက် အဖီအောက်ရှိ စားပွဲတွင်ထိုင်နေသော ကိုကိုဦး(ခ)ကမ္ဘာကျော် ဆိုသူမှာ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာရင်အုံကျည် ဖောက်ဝင်ဒဏ်ရာ၊ ဝဲဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲံကြောင်း သိရပါတယ်။
လာရောက်ပစ်ခတ်ခဲ့သော အကြမ်းဖက် PDF များသည် စစ်ကိုင်းမြို့နယ်၊ နေပူကုန်းကျေးရွာဘက်ကို ထွက်ပြေးသွားခဲ့ကြောင်းသိရပြီး ရတနာပုံတံတား စစ်ဆေးရေးဂိတ်နဲ့ ကံတလူစစ်ဆေးရေးဂိတ်တို့တွင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews