လကပ္ပကျေးရွာတိုက်ပွဲမှ PDFအဖွဲ့များ၏လက်နက်ခဲယမ်းများ သိမ်းဆည်ရမိ

Telegram Join ရန် – http://t.me/positiveanglenews

(မှုခင်း) ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် နယ်မြေရှင်းနေသောလုံခြုံရေးအဖွဲ့များနှင့် PDF အကြမ်းဖက် အဖွဲ့များသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် လကပ္ပကျေးရွာအနီးတွင် ထိတွေတိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများထံမှသိရပါသည်။

ယင်းထိတွေ့တိုက်ပွဲအတွင်းမှ PDF အကြမ်းဖက်များ၏ လက်နက်ခဲယမ်းများဖြစ်သည့် အမ် – ၂၂ ကျည် ၅၀ တောင့်၊ ၁၂ ဗို့ ကျည် ၅၂ တောင့်၊ အမ်-၂၂ ကျည်အိမ် ၂ ခု၊ လက်လုပ်မိုင်းမျိုးစုံ ၃ လုံး၊ ၁၂ ဗို့ ဘက္ထရီ ၂ လုံး၊ ဝါ/ယာကြိုး (ပေ ၅၀ ခန့်) ၁ ခွေနှင့် ဆိုင်ကယ် ၃ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေသော PDF အကြမ်းဖက်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သောင်းကျန်းသူများအား တပ်မတော်မှ မြေပြင်သတင်းရယူကာ Paramotor စက်တပ်လေထီးများအသုံးပြုပြီး ယခုလဆန်းပိုင်းမှစတင်ကာ ဆောင်ရွက်အသုံးပြုလျှက်ရှိရာ အကြမ်းဖက်အဖွဲ့များ ထိခိုက်ကျဆုံးမှုများပြားနေသကဲသို့ ၎င်းတို့၏စခန်းများလည်း ဆုံးရှုံးမှုများရှိနေကြောင်း မြေပြင်သတင်းများအရ သိရသည်။