Telegram Join ရန် – http://t.me/positiveanglenews
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၀
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဏာရှင်ဟု သုံးနှုန်းပြောဆိုခဲ့သည်။
ဆော်ဒီတွင်ကျင်းပခဲ့သည့် ယူကရိန်းမပါဝင်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအပြီးတွင် အမေရိကန်နှင့် ယူကရိန်းတို့အကြား အကွဲအပြဲအား ပိုမိုနက်ရှိုင်းစွာ ပြသခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်ခံခဲ့ရသော်လည်း သမ္မတသက်တမ်းကုန်ဆုံးနေသော်လည်း ရွေးကောက်ပွဲထပ်မံကျင်းပခြင်းမရှိသောကြောင့် ယခုလို သုံးနှုန်းခြင်းဖြစ်နိုင်ကြောင်း အနောက်နိုင်ငံများမှ ဒေသတွင်းမီဒီယာများက ရေးသားလျက်ရှိသည်။
ထရမ့်၏ ဇယ်လန်းစကီးအား အာဏာရှင်ဆိုသည့်အသုံးအနှုန်းကို ဗြိတိန်အပါအဝင် ဥရောပနိုင်ငံများမှ ဆန့်ကျင်ကြောင်းဝေဖန်ခဲ့ပြီး ဇယ်လန်းစကီးကို ထောက်ခံကြောင်း ပြောဆိုပြသခဲ့ကြသည်။
ဒေါ်နယ်ထရမ့်က ဇယ်လန်းစကီးအား အမြန်နှုတ်ထွက်ခြင်းမှာ ယူကရိန်းအတွက် ပိုကောင်းမွန်ပြီး ဆက်ရှိနေပါက နိုင်ငံကျန်တော့မည်မဟုတ်ကြောင်း ရေးသားခဲ့သည်။
#PAN #ဇယ်လန်းစကီး #အာဏာရှင်