(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၀

ထိုင်းနိုင်ငံအတွင်းမှ နိုင်ငံခြားသားများအား စောင့်ကြည့်ပြီး ဥပဒေမလိုက်နာပါက ထိထိရောက်ရောက်အရေးယူရန် ထိုင်းရဲချုပ်က ညွှန်ကြားခဲ့ကြောင်းသိရသည်။
တော်ဝင်ထိုင်ရဲတပ်ဖွဲ့အကြီးအကဲ Kitrat Panphet က နိုင်ငံတဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် အတွင်းရှိ နိုင်ငံခြား သားများ၏ အပြုအမူများကို စောင့်ကြည့် ကြပ်မတ်ရန် ပြီးခဲ့သည့် တနင်္လာနေ့က အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်ကို မြို့တော်ရဲဗျူရို၊ တိုင်းဒေသကြီး ၁-၉ ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားရဲနှင့် နယ်ခြားစောင့်ရဲများအပါအဝင် နိုင်ငံတဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များအားလုံးသို့ ညွှန်ကြားထားသည်။
အစ္စရေးနိုင်ငံသားများ နှောက်ယှက်ခံခဲ့ရသည့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံတစ်ခုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အစ္စရေးနိုင်ငံသားများအား ဆေးကုသမပေးကြောင်း ဆိုင်းဘုတ်တင်ခဲ့သည်။
ထို့အပြင် အရက်သေစာသောက်စားထားသည့် နိုင်ငံခြားသားအချို့သည် ထိုင်းနိုင်ငံမှ စားသောက်ဆိုင်တစ်ခုတွင် အမျိုးသမီးနှစ်ဦးအား မဖွယ်မရာပြောဆိုနေသည့် ရုပ်သံများ ပေါ်ထွက်လာပြီးနောက် ယခုအမိန့်ပေါ်ထွက်လာခြင်းဖြစ်သည်။
Telegram»…
https://t.me/positiveanglenews