အရွတ်ထိခိုက်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်


(အားကစား) ဖေဖော်ဝါရီ ၁၉

မန်ယူအသင်း တောင်ပံကစားသမား အာမက်ဒီယာလို ဟာ လေ့ကျင့်ရေးအစီအစဉ်တွင် ရရှိခဲ့သည့် အရွတ်ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း မန်ယူအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အာမက်ဒီယာလို ဟာ စပါးအသင်းနဲ့ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီ အစဉ်တွင် ဒဏ်ရာရရှိခဲ့သဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အရွတ်စုတ်ပြဲခဲ့လို့ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်လို့ လက်ကျန်ဘောလုံးရာသီကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

အာမက်ဒီယာလို အနေနဲ့ နည်းပြ တန်ဟတ် လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သော်လည်း နည်းပြ အာမိုရင် ရောက်ရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှစတင်ကာ ပုံမှန်ပွဲထွက်ခွင့် ရရှိလာခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၆ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့လို့ တိုက်စစ်မှူး ဟွိုက်လန်းနဲ့ ဇက်ဇီး တို့ကို ကျော်ဖြတ်ပြီး ဦးစားပေးပွဲကစားခွင့်ရယူနိုင်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN