FTCCI Experiential Tourism MICE Fair 2025” သို့ မြန်မာလုပ်ငန်းရှင်များကို ဖိတ်ခေါ်


(စီးပွားရေး) ဖေဖော်ဝါရီ ၁၄

အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနားပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Telegana Chambers of Commerce & Industry – FTCCI, India) မှ ကြီးမှူးကျင်းပမည့် “FTCCI Experiential Tourism MICE Fair 2025” သို့ တက်ရောက်ရန် မြန်မာလုပ်ငန်းရှင်များကို ဖိတ်ကြားထား‌ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။

အဆိုပါ “FTCCI Experiential Tourism MICE Fair 2025” ကို လာမယ့် မေလ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပမှာဖြစ်သလို ယင်းပြပွဲမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနှင့်သဘာဝအလှတရားတို့ကို အကောင်းဆုံးဖော်ထုတ် ပြသနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခွင့်အလမ်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ပြခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးအခွင့်အလမ်းများရရှိစေမည် ဖြစ်‌ကြောင်း သိရပါတယ်။

ပြပွဲသို့ ပါဝင်ပြသလိုတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN