(ပြည်တွင်း) ဖေဖော်ဝါရီ ၁၄

၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲကို ဇွန်လ ၁၅ ရက်(တနင်္ဂနွေနေ့) ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
စာမေးပွဲလျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှ မတ်လ ၆ ရက်အထိ(အပတ်စဉ်တနင်္လာ နေ့မှ သောကြာနေ့အထိ) နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အတွင်းသာပေးပို့ရမှာဖြစ်ပြီး ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် သုမင်္ဂလာလမ်း Snow Garden Housing 2B-(4) ရှိ MAJA Head Office (Yangon) ဖုန်း -၀၉၂၆၂၆၀၂၁၂၁ သို့ ပေးပို့နိုင် သလို မန္တလေးမှလျှောက်လွှာများကိုတော့ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး Block 1၊ Unit 6 ရှိ MAJA office Mandalay ဖုန်း-၀၉၂၅၅၁၆၂၅၃၃ သို့ ပေးပို့နိုင်ပါတယ်။
စာမေးပွဲမှာ ရွေးချယ်ဖြေဆိုနိုင်မည့် ဘာသာရပ် များမှာ သိပ္ပံတွဲတွင် Japanese as a Foreign Language Science Mathematics နှင့် ဝိဇ္ဇာတွဲတွင် Japanese as a Foreign Language Japan and the World၊ Mathematics တို့ ပါဝင်မှာဖြေဆိုနိုင်ပါတယ်။
လျှောက်လွှာမှာ ဖြည့်သွင်းရမည့် အချက်အလက်များအား တိကျမှန်ကန်စွာ ဖြည့်သွင်းပြီး လာရောက်တင်သွင်းရမှာ ဖြစ်ပြီး လျှောက်လွှာတင်ပြီးပါက အချက်အလက်များကို ပြန်လည်ပြင်ဆင် နိုင်မည်မဟုတ်ကြောင်း၊ မိမိလျှောက်လွှာ တင်ခဲ့တဲ့ ဘာသာရပ်အတိုင်းသာ ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းက အသိပေးကြေညာထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews