(အားကစား) ဖေဖော်ဝါရီ ၁၄

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပမယ့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်မည့် အပြီးသတ် မြန်မာ့လက်ရွေးစင်အမျိုးသမီးကစားသမား ၂၃ ဦးရဲ့ စာရင်းကို နည်းပြချုပ် ယုကီတက်ဆုရိုက ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
အဆိုပါပြိုင်ပွဲမှာ အိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပတ်လည်စနစ်နဲ့ ကစားသွားမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီလ ၁၇ ရက်တွင် လက်ဘနွန်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိတဲ့ ထိပ်ဆုံးနှစ်သင်းက ဖေဖော်ဝါရီလ ၂၆ ရက် တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews