မြဝတီမှာ စက်သုံးဆီပြန်လည်ရရှိဖို့ နှစ်နိုင်ငံ ခရိုင်ချင်း ချိတ်ဆက်ဆောင်ရွက်နေဟုဆို


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၄

ထိုင်းက မြဝတီမြို့ဘက်ကို ဖြတ်တောက်ထားတဲ့စက်သုံးဆီ အမြန်ဆုံးပြန်လည်ရရှိနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ( နှစ်နိုင်ငံ ) ခရိုင်ချင်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျားဖြန့်ဖမ်းဆီးရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက မြဝတီမြို့နယ်ကို လျှပ်စစ်မီးအပါအဝင် စက်သုံးဆီပါဖြတ်တောက်ထားတာကြောင့် မြို့ခံတွေက စက်သုံးဆီပြန်လည်ရရှိရေး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

“မြဝတီမြို့နယ်အတွင်း လိုင်စင်ရစက်သုံးဆီဆိုင် ၂၀ နဲ့ လျှောက်ထားဆဲ ၁ ဆိုင်အပါအဝင် မြို့ခံပြည်သူတွေ လုပ်ငန်းလည်ပတ်နိုင်ရေးအထိ ပြန်လည်ရရှိအောင် တင်ပြဆွေးနွေးထားပြီးဖြစ်ပေမယ့်လည်း ထိုင်းနိုင်ငံဘက်ကတော့ ပြန်လည်ပေးပို့မယ် မပို့နိုင်ဘူးဆိုတာကိုတော့ အကြောင်းမပြန်သေးဘူးလို့” ဒီကိစ္စတွေမှာ ဦးဆောင်လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းဘက်က လျှပ်စစ်မီးအပါအဝင် စက်သုံးဆီတွေကို ဖြတ်တောက်လိုက်တာကြောင့် ​မြန်မာဘက်က တရားမဝင်နယ်စပ်ဂိတ်တွေနဲ့ နယ်စပ်တံတားတွေကို ပိတ်ပေးဖို့ ထိုင်းကုန်စည်တွေကိုမသုံးစွဲကြဖို့ ဆန္ဒပြတောင်းဆိုမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN