သာဝတ္ထိမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီ ယာဉ်တစ်စီး တိမ်းမှောက်


(မှုခင်း) ဖေဖော်ဝါရီ ၁၄

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာမှ ကိုရင်တစ်ပါးနှင့် ကျောင်းသား တစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသား/သူ ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန်ခန့်က သာဝတ္ထိမြို့၊ အ-ထ-က (၆)မှ ကျောင်းဖယ်ရီယာဉ် တစ်စီးသည် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဘရိတ်ပေါက်၍ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရပြီး၊ ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖယ်ရီယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းတွင် လိုက်ပါလာသော ကိုရင် တစ်ပါးနှင့် ကျောင်းသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး ကျောင်းသား/သူ ၁၈ ဦး ထိခိုင်ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူအားလုံးအား နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပိုဆောင်ခဲ့ပြီး ၄ ဦးမှာ အရေးပေါ်တင်ထားရကြောင်း၊ မြေပြင်သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN