(အားကစား) ဖေဖော်ဝါရီ ၁၃

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ညက ပရီးမီးယားလိဂ်ကြားရက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဲဗာတန် အသင်းနှင့် လီဗာပူးလ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေတစ်မှတ်ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဗာတန်အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၁ မိနစ် ဘက်တို၊ ပွဲချိန် ၉၀+၈ မိနစ်မှာ တာကောစကီး က သွင်းယူခဲ့ကြပြီး လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၆ မိနစ်မှာ အယ်လစ္စတာ ၊ ပွဲချိန် ၇၂ မိနစ်မှာ ဆာလာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အခုလိုသရေရလဒ်ဖြစ်ပေါ်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက ရမှတ် ၅၇ မှတ်နဲ့ အာဆင်နယ်အသင်းကို ၇ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews