လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တဲ့ ကိုင်ဟာဗက်ဇ်


(အားကစား) ဖေဖော်ဝါရီ ၁၃

အာဆင်နယ်အသင်းတိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဟာ ဒူဘိုင်းကိုသွားရောက်ခဲ့တဲ့ လေ့ကျင့်မှုအတွင်း ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဟာဗက်ဇ် ရဲ့ ဒဏ်ရာအခြေအနေကို သေချာမသိရသေးပေမဲ့ ကြွက်သားဒဏ်ရာဖြစ်နိုင်ပြီး နောက်ထပ် ဆေးစစ်မှုတွေ ထပ်မံခံယူရဦးမယ်လို့ အာဆင်နယ်အသင်းနဲ့ နီးစပ်တဲ့ရင်းမြစ်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ် အတွင်း ပွဲကစားဖို့မရှိတဲ့ အာဆင်နယ်အသင်းဟာ ဒူဘိုင်းကို သွားရောက်ပြီးလေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အာဆင်နယ်အသင်း အင်္ဂလန်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်က ဂျီးဆပ် နဲ့ ဆာကာ တို့ ဒဏ်ရာကြောင့်မကစားနိုင်ချိန် ဟာဗက်ဇ် ရဲ့ဒဏ်ရာသတင်းက စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ဇန်နဝါရီလဈေးကွက်မှာ တိုက်စစ်မှူးတစ်ဦး မခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းတိုက်စစ်ကို ဟာဗက်ဇ် က ဦးဆောင် နိုင်လိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ယုံကြည်ထားခဲ့တာဖြစ်ပါတယ်။

အခုရာသီပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၅ ဂိုးသွင်းယူ ပေးထားတဲ့ ဟာဗက်ဇ်သာ ဒဏ်ရာကြောင့်နားရမယ်ဆိုရင် အာဆင်နယ်တိုက်စစ်အတွက် နည်းပြအာတီတာ ရွေးချယ်စရာနည်းပါးသွားနိုင်ပါတယ်။

တံကောက်ကြောဒဏ်ရာ ကြောင့် နားနေရတဲ့ တောင်ပံတိုက်စစ်မှူး ဆာကာ ဟာ ဒူဘိုင်းလေ့ကျင့်ရေးမှာအပေါ့စားလေ့ကျင့်မှုတွေ ပြန်လည် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN