သပိတ်ကျင်းဒေသအတွင်း အကြမ်းဖက် TNLA စခန်းကုန်းအား သိမ်းပိုက်ရရှိ


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းလင်းရေးတောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် TNLA အဖွဲ့တို့ယမန်နေ့(ဖေဖော်ဝါရီ ၁၁)မွန်းလွဲပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းအချိန်က သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းလင်းရေးတောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် အကြမ်းဖက် TNLA ၆၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့စခန်းကုန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် တပ်မတော်ဘက်မှစစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ၊ TNLA အလောင်း ၂ လောင်း၊ Type-81 သေနတ် ၃ လက်၊ မိုင်းမျိုးစုံ ၉ လုံး၊ ဘန်ကာ ၅ လုံး
၊ ပစ်ကျင်း ၈ ကျင်း၊ ဆက်သွယ်‌ရေးမြောင်း ၁၄၀ ပေခန့်တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN