ဖရန့်ဖတ်အသင်းက ဟူဂိုလာဆင် ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ သတ်မှတ်


(အားကစား) ဖေဖော်ဝါရီ ၁၁

ဖရန့်ဖတ်အသင်းက အသင်းရဲ့ကွင်းလယ်ကစားသမား ဟူဂိုလာဆင် ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၆၀ အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ကွင်းလယ်ကစားသမား ဟူဂိုလာဆင် ကို လက်ရှိအချိန်မှာ အာဆင်နယ်၊ မန်ယူနဲ့ လီဗာပူးလ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေတာ ဖြစ်ပါတယ်။

ဟူဂိုလာဆင် ဟာ ဖရန့်ဖတ်အသင်းနဲ့အတူ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၆၈ ပွဲကစားပြီး သွင်းဂိုး ၆ ဂိုးအထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။

ဖရန့်ဖတ်အသင်းကလည်း ဟူဂိုလာဆင် အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ရရှိပါက ရောင်းချသွားမည် ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN