ချဲလ်ဆီးအသင်းက ဆီမီညို ကိုခေါ်ယူရန် စိတ်ဝင်စားနေ


(အားကစား) ဖေဖော်ဝါရီ ၁၁

ချဲလ်ဆီးအသင်းက ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆီမီညို ကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဆီမီညို ဟာ ဘုန်းမောက်အသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ ရာသီမှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၃ ပွဲကစားပြီး ၁၈ ဂိုးသွင်းယူထားနိုင်တာကြောင့် ချဲလ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဘုန်းမောက်အသင်းကလည်း ဆီမီညို အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ကို ရရှိပါက ရောင်းချ သွားဖွယ်ရှိနေပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းက လာမည့်နွေရာသီဈေးကွက်အတွင်း ဘုန်းမောက်အသင်းထံမှ ဆီမီညို အား ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN