(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၀

အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် ဆက်ဆံရေးပြန်လည် တည်ထောင်ရန်ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်ကြောင်း သိရသည်။
နိုင်ငံများအကြားဆက်ဆံရေးတွင် သံခင်းတမန်ခင်းသည် အရေးပါသောကြောင့် အမေရိကန်က မြောက်ကိုရီးယားနိုင်ငံနှင့်သာမက ယင်းနိုင်ငံခေါင်းဆောင်နှင့် ဆက်ဆံရေးကို ပြန်လည် တည်ထောင်သွားမည် ဖြစ်ကြောင်း ထရမ့် က ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်နှင့် ယခင်အတိတ်ကာလဆက်ဆံရေးသည် ကောင်းမွန်ခဲ့ပြီး မိမိတို့ နှစ်ဦးကြား ကောင်းမွန်သောဆက်ဆံမှုရှိခဲ့ကြောင်း၊ ခေါင်းဆောင်ကင်နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက် နိုင်ခြင်းသည် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်ကြိုးပမ်းခဲ့ခြင်းသည် ထရမ့်၏ ပထမ သက်တမ်းအတွင်း အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် ထူးခြားသည့် ပြောင်းလဲမှုတစ်ရပ် ဖြစ်လာခဲ့သည်။
Telegram»…
https://t.me/positiveanglenews