အမေရိကန်က USAID အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၇

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့အတွက် ၉ နှစ်ကျော် အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့ကြောင်း မီဒီယာတစ်ခုက ဖေဖော်ဝါရီလ ၆ ရက်တွင် ဖော်ပြသည်။

အမေရိကန်အစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အဆိုပါငွေကြေးများကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတော် အသုံးစရိတ်၏ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမေရိကန်သမ္မတများအနက် ဒီမိုကရက်များသည် ရီပတ်ဘလီကန်များနှင့် နှိုင်းယှဉ်ပါက USAID အဖွဲ့အား ငွေကြေးထောက်ပံ့မှု ပိုမိုလုပ်ဆောင်ခဲ့ပြီး ယခင် သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက် ၂၀၁၆ ခုနှစ်တွင် USAID အတွက် အသုံးစရိတ်အဖြစ် ဒေါ်လာ ၅၀ ဒသမ ၃ ဘီလီယံ၊ ဂျိုးဘိုင်ဒင်လက်ထက်တွင်မူ တစ်နှစ်လျှင် ဒေါ်လာ ၃၇ ဒသမ ၄ ဘီလီယံမှ ၅၀ ဘီလီယံအထိ အသုံးပြုခဲ့သော်လည်း ဒေါ်နယ်ထရမ့် လက်ထက်တွင် ဒေါ်လာ ၂၅ ဒသမ ၅ ဘီလီယံမှ ၂၆ ဒသမ ၇ ဘီလီယံအထိသာ အသုံးပြုခဲ့ကြောင်း သိရသည်။

USAID အဖွဲ့သည် အမေရိကန်ပြည်သူများ၏အခွန်ဘဏ္ဍာများကို အသုံးပြု၍ဇီဝလက်နက်များ ထုတ်လုပ် ရန် သုတေသနလုပ်ဆောင်လျက်ရှိသည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် USAID အဖွဲ့၏လုပ်ဆောင်ချက်များကို ထရမ့်အစိုးရက ဖေဖော်ဝါရီလ ၃ ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။

ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတထရမ့် က ရက်ပေါင်း ၉၀ ကြာ ရပ်ဆိုင်းခဲ့ကြောင်း Izvestia သတင်းဌာနတွင် ဖော်ပြ ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN