အိန္ဒိယမီဒီယာများက နာမည်ကြီး AI ကုမ္ပဏီ Open AI ကို တရားစွဲဆိုရန် ကြိုးပမ်း


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆

အိန္ဒိယမီဒီယာများက Chat GPT ၏ မိခင်ကုမ္ပဏီ Open AI ကို တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်းသိရသည်။

အိန္ဒိယမီဒီယာများဖြစ်သည့် The Indian Express၊ The Hindu၊ The India Today နှင့် အိန္ဒိယဘီလီယံနာ Gautam Adani ပိုင်ဆိုင်သော NDTV နှင့် အခြားဒါဇင်နှင့်ချီသော မီဒီယာများပါဝင်ကြောင်းသိရသည်။

မီဒီယာများသည် ၎င်းတို့ ဖော်ပြခဲ့သည့် အကောင်းအရာများအား ခွင့်ပြုချက်မရှိပဲ အသုံးပြုကြောင်း Chat GPT အားစွပ်စွဲထားသည်။

Open AI က အဆိုပါ စွပ်စွဲချက်များအား ငြင်းဆိုထားပြီး တရားဝင်စံနှုန်းများနှင့်အညီ လူသိရှင်ကြား အချက်အလက်များကိုသာ အသုံးပြုကြောင်း တုန့်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း အိန္ဒိယနိုင်ငံ၏ သတင်းအေဂျင်စီတစ်ခုဖြစ်သည့် Asian News International (ANI) ကလည်း တရားစွဲဆိုထားပြီး နစ်နာကြေး ရူပီးသန်း ၂၀ တောင်းဆိုထားကြောင်းသိရသည်။

OpenAI သည် ၎င်း၏ ChatGPT AI အတွက် အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည်ဟု စွပ်စွဲခံထားရပြီး ဒါဇင်နှင့်ချီသော ထုတ်ဝေသူများ၊ အနုပညာရှင်များနှင့် သတင်းအဖွဲ့အစည်းများမှ တရားစွဲဆိုမှုကို ရင်ဆိုင်နေရသည်။

Telegram»…
https://t.me/positiveanglenews

PAN