(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လိင်ပြောင်းအမျိုးသမီးများ အားကစားလုပ်ခွင့် ပိတ်ပင်ကြောင်း သမ္မတအမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။
သမ္မတထရမ့်က အဆိုပါ လက်မှတ်ရေးထိုးရေးအခမ်းအနားအား အားကစားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးငယ်များ ခြံရံကာရေးထိုး ကြေညာခဲ့သည်။
“ယခုအချိန်ကစပြီး အမျိုးသမီးအားကစားဟာ အမျိုးသမီးတွေအတွက်ပဲ ဖြစ်လိမ့်မယ်” ဟု ပြောဆိုခဲ့ပြီး ၎င်း၏ အုပ်ချုပ်မှုမှ “အမျိုးသမီးအားကစားသမားများ၏ ဂုဏ်ယူဝင့်ကြွားမှု အစဉ်အလာကို ကာကွယ်မည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
အထက်ပါအမိန့်အား မလိုက်နာသည့် ကျောင်းများအနေဖြင့် စုံစမ်းစစ်ဆေးမှုခံရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေပါ ဆုံးရှုံးနိုင်ကြောင်း ထရမ့်က သတိပေးခဲ့သည်။
Telegram»…
https://t.me/positiveanglenews