(အားကစား) ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင် အမျိုးသား ယူ -၂၂ အသင်း၊ အမျိုးသား ယူ-၁၉ အသင်း တို့အတွက် ဂျပန်နိုင်ငံသား နည်းပြသစ်များကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
အဆိုပါအသင်းများကို ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများမှာ ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် နည်းပြသစ်များခန့်အပ်လိုက်ခြင်း ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသား ယူ – ၂၂ ဘောလုံးအသင်းနည်းပြချုပ်အဖြစ် အသက် ၅၆ နှစ်အရွယ် ဂျပန်လူမျိုး မစ္စတာ Hisashi kurosaki ကို ၁ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့ကာ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်း နည်းပြချုပ်အဖြစ် အသက် ၄၆ နှစ်အရွယ် မစ္စတာ Ryuji sueoka ကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဂျပန်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ခဲ့ပြီး UEFA Pro လိုင်စင်နှင့် JFA Coach (Level S) လိုင်စင်ရ နည်းပြတစ်ဦးဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် ဂျပန်လူမျိုး မစ္စတာ Hisashi kurosaki သည် ၂၀၂၅ ဆီးဂိမ်းစ်၊ အာဆီယံ ယူ -၂၂ ချန်ပီယံရှစ်၊ AFC U 23 ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိရန် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ် မစ္စတာ Ryuji sueoka က UEFA Pro လိုင်စင်ရနည်းပြတစ်ဦးဖြစ်ပြီး မြန်မာ ယူ- ၁၉ အသင်းကိုအာရှ ယူ-၂၀၊ အာဆီယံယူ – ၁၉ ပြိုင်ပွဲများမှာ အောင်မြင်မှုရရှိစေရန် နည်းပြချုပ်အဖြစ် ဦးဆောင်ရမှာဖြစ်ကာ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ – ၂၂ အသင်းကို Hisashi kurosaki ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews