(အားကစား) ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ထိုင်းနည်းပြ Pattaya Piemkum ကို ဖေဖော်ဝါရီလ ၄ ရက်က တရားဝင်ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
နည်းပြချုပ်ဖြစ်လာတဲ့ အသက် ၅၆ နှစ်အရွယ် မစ္စတာ Pattaya Piemkum က ထိုင်းလက်ရွေးစင် ဖူဆယ် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး AFC Futsal Level 3 နည်းပြတစ်ဦးဖြစ်ပါတယ်။
နည်းပြဘဝမှာ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ စတဲ့လက်ရွေးစင်အသင်းများနှင့် ထိုင်းဖူဆယ် ကလပ်အသင်းများကို ကိုင်တွယ်ထားတဲ့ နည်းပြတစ်ဦး ဖြစ်ပါ တယ်။
Pattaya Piemkum က မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို ၂၀၂၅ ဆီးဂိမ်းစ်နှင့် အာဆီယံဖူဆယ် ချန်ပီယံရှစ်၊ AFC အာရှဖလားဖူဆယ်ခြေစစ်ပွဲများမှာ အောင်မြင်မှုရရှိရေးအတွက် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews