(ပြည်တွင်း) ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာ အနီးတောထဲရှိ အကြမ်းဖက်စခန်း ၁ ခုအား တပ်မတော်မှ ယမန်နေ့(ဖေဖော်ဝါရီ ၅) နေ့လည်ပိုင်းက ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ကုက္ကိုလ်စုရွာအနီး တောထဲတွင် အကြမ်းဖက်စခန်း ၁ ခုရှိကြောင်း သတင်းပေးပို့ချက်အရ ယင်းနေ့ နေ့လည်ပိုင်းတွင် တပ်မတော်မှ နယ်မြေရှင်းလင်းခဲ့ရာ ကုက္ကိုလ်စုရွာအနီး မီတာ ၈၀၀ ခန့်အကွာရှိ တောတန်းနေရာတွင် တည်ရှိသောအကြမ်းဖက်စခန်းအား တွေ့ရှိရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းရှိ အကြမ်းဖက်များမှာ ကြိုတင်ရှောင်တိမ်းသွားခဲ့သဖြင့် ထိတွေ့ပစ်ခတ်မှုမရှိသော်လည်း စခန်းအတွင်းမှ Drone (Hexa အမျိုးအစား) ၂ စီး၊ Fixed Wings Drone ၁ စီး၊ လုပ်သေနတ် ၈ လက်၊ Drop Bomb ၁၀ လုံး၊ စကားပြောစက် ၁ လုံး၊ Drone Controller ၁ ခု၊ M-14 နင်းမိုင်း ၃ လုံး၊ လက်လုပ်ကားမိုင်း ၃ လုံး၊ Drone Battery အပို ၃ လုံး၊ Drone Charger ၂ လုံး၊ မီးစက် (22 Hp) ၁ လုံး၊ တဲ ၉ လုံး၊ ကျည်ကာအင်္ကျီ ၈ ထည်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews