(မှုခင်း) ဖေဖော်ဝါရီ ၄

ရခိုင်လက်နက်ကိုင် AA အကြမ်းဖက်အဖွဲ့တွေကိုပို့ဆောင်မယ့် ဆေးဝါးတွေကို အောင်လံမြို့ တရော်ကုန်းရပ်ကွက် ၊ ကမ်းနားလမ်း သရက်_အောင်လံ ကူးတို့ဆိပ်အနီးက ပွဲရုံတစ်ခုမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

AA အကြမ်းဖက်အဖွဲ့တွေဆီကိုပို့ဆောင်မယ့် ဆေးဝါးတွေကို မကွေးတိုင်းဒေသကြီး အောင်လံမြို့ကနေ မင်းတုန်းမြို့ကို ရေကြောင်းကသယ်ယူနေသယ်ယူပို့ဆောင်နေသူတစ်ဦးနဲ့ ကွင်းဆက်တရားခံတွေကို ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မင်းတုန်းမြို့မှာ ဆေးဝါးဝယ်ယူမှုကိုကန့်သတ်ထားတာကြောင့် အောင်လံမြို့မှာဝယ်ယူပြီး မင်းတုန်းမြို့ကိုပို့ဆောင်ကာ အဲ့ဒီကတဆင့် အကြမ်းဖက်သောင်းကျန်းသူတွေဆီကို ထပ်မံပို့ဆောင်နေတာဖြစ်တယ်လို့ PAN ရဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
“ကျွန်တော်တို့ကြားတာက မင်းတုန်းဘက်ကတရားခံတစ်ဦးကိုမိလို့ အဲ့ဒီကွင်းဆက်အနေနဲ့ ဒီဘက်ကိုလာဖမ်းတယ်လို့ကြားတယ်။ ဒီဘက်မှာလည်း ဖမ်းမိတာတွေရှိတယ်လို့လည်းကြားတယ်” လို့အမည်မဖော်လိုတဲ့ အောင်လံမြို့ခံတစ်ဦးက PAN ကိုပြောပါတယ်။
အောင်လံမြို့က ဧရာ၀တီပွဲရုံမှာ AA သောင်းကျန်းသူတွေထံပို့ဆောင်မယ့် ဆေးဝါးတွေရောက်ရှိနေတယ်ဆိုတဲ့သတင်းအရ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၁၀ ကျော်ခန့်မှာ လုံခြုံရေးအဖွဲ့တွေက သွားရောက်စစ်ဆေးရာကနေ ခုလိုဆေးဝါးအမြောက်အများကိုဖမ်းဆီးခဲ့သလို ဆေးဝါးပစ္စည်းတွေကို အဓိက၀ယ်ယူထောက်ပံ့ပေးသူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဖမ်းမိတဲ့ဆေးဝါးတွေက ဆာလာအိတ် ၂၆ လုံးလောက်ရှိတယ်။ အဲ့ဒီအထဲမှာ ဗမာဆေးတွေလည်း ပါတယ် ပတ်တီးလိပ်တွေလည်းပါတယ်လို့ သိရတယ်။ ကာလတန်ဖိုးဆိုရင်တော့နည်းမှာမဟုတ်ဘူး” လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ ဧရာ၀တီပွဲရုံမှာထားရှိတဲ့ AA အကြမ်းဖက် အဖွဲ့တွေဆီကို ပို့ဆောင်မယ့်ဆေးဝါးတွေကိုသာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အောင်လံမြို့နယ် ကျောက်ဆည်ကျေးရွာက နေအိမ်တစ်ခုက ၆ ဘီးကားတစ်စီးစာဆေးပစ္စည်းတွေကိုတော့ အိမ်ရှင်ဖြစ်သူက မီးရှိူ့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့တာကြောင့် ဖမ်းဆီးရမိတာမရှိဘူးလို့လည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews