(ပြည်တွင်း) ဖေဖော်ဝါရီ ၄

KNU လက်အောက်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကော့ကရိတ်မြို့အတွင်းကိုကျရောက်ပေါက်ကွဲခဲ့လို့ မြို့ခံအမျိုးသမီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ကရင်လက်နက်ကိုင် KNLA နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၉ နာရီ ၄ မိနစ်အချိန်ခန့်မှာ ကော့ကရိတ်မြို့ထဲကို ရန်ကုတ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သောင်းကျန်းသူတွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အမှတ် ၃ ရပ်ကွက် ပုလဲရတီသောက်ရေသန့်စက်ရုံအနားကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သောင်းကျန်းသူတွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ရေသန့်စက်ရုံ အနီးအနားက ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်ခဲ့ပြီး ခါး ၂ ပိုင်း ပြတ်ဒါဏ်ရာရရှိကာသေဆုံးသွားတယ်လို့ သိရပါတယ်။
ကရင်လက်နက်ကိုင် KNLA နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေ ပစ်ခတ်လိုက်တဲ့နောက်ထပ် လက်နက်ကြီးကျည်တစ်လုံးဟာ စိန်ကြိုင်ဝပ်ရှော့နားကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိတာတော့မရှိဘူးလို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews