သန်းခေါင်အချိန် ရွာအနားကပ်လာတဲ့ PDF ကို ဒရုန်ဖြင့်ဗုံးချတိုက်ခိုက်

(ပြည်တွင်း) ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ပန်းသာကျေးရွာအနီးကို PDF အကြမ်းဖက်များ ချဉ်းကပ်လာသည်ကို လုံခြုံရေးအဖွဲ့မှ ဒရုန်းဖြင့် ကင်းထောက်တွေ့ရှိသဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ကစတင်ကာ တမူးမြို့ ပန်းသာကျေးရွာတွင် လုံခြုံရေးပူးပေါင်းစစ်ကြောင်းနှင့် PDF အကြမ်းဖက်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် တမူးမြို့နယ်၊ ပန်းသာအနီးတဝိုက်သို့ PDF အကြမ်းဖက်များ ချဉ်းကပ်နေကြောင်း ကင်းထောက် Drone ဖြင့် တွေ့ရှိသဖြင့် လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်ချေမှုန်းခဲ့သည့်အတွက် ရန်သူဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ညသန်းခေါင်အချိန်က ပစ်ခတ်ချေမှုန်းရနေရာသို့ ဖေဖော်ဝါရီလ ၂ ရက် မနက်ပိုင်းက လုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ၁ လောင်း၊ Type-81 သေနတ် ၃ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀ ခန့်၊ အိုင်ကွန် ၆ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ ဘန်ဂလိုတိုပီတို ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#PAN #ပန််းသာ #တမူး #PDF