တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

(မှုခင်း) ဖေဖော်ဝါရီ ၃

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံသူမှာ အသက်(၃၆)နှစ်အရွယ်ရှိ မနန်းလျံဆိုသူဖြစ်ပြီးတာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် အိုအေစစ်လိုင်းခန်းရှိ စနူကာခုံရှေ့တွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် စနူကာခုံ သံတံခါးကို ဖွင့်ပြီး မိနစ်အပိုင်းအတွင်းမှာ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရသည့် အနေအထားဖြစ်နေသည်ကို တွေ့ရသော်လည်း မည်သည့်ကိစ္စကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း တာဝန်ရှိသူများထံ သိရသည်။

အမျိုးသမီးတစ်ဦး ပစ်သတ်ခံရခြင်းဖြစ်ပြီး သေဆုံးနေသည်ကို နံနက်(၁၀)နာရီဝန်းကျင်ကမှ သိရခြင်း ဖြစ်သည်။

“သူက စနူကာခုံပိုင်ရှင်ပါ ဘာမှထွေထွေထူးထူး ဖြစ်ထားသ့မကြားရဘူး အနေလည်းအေးတယ်။ သူပစ်ခတ်ခံထားရတာကို  မနက် ၁၀ နာရီဝန်းကျင်လောက်ကမှ သိကြတာ။ သူ့ကိုဘာကြောင့်ဒီလိုလာလုပ်သွားကြတယ်မသိဘူ”ဟု မြို့ခံတစ်ဦးမှ ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မနန်းလျံတွင် ရင်ဘတ် ကျည်ပွင့်ထွက် ဒဏ်ရာရရှိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

#PAN #တာချီလိတ် #သေနတ်ပစ်ခံရ