(နိုင်ငံတကာ) ဖေဖော်ဝါရီ ၃

အမေရိကန်သမ္မတ၏ တရုတ် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အပေါ် အခွန်စည်းကြပ်မှု ကတိပြုပြီးနောက် ယနေ့ တနင်္လာနေ့တွင် အာရှတွင် စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့ကြောင်းသိရသည်။
ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီကြီးများ၏ ဝင်ငွေများနှင့် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို ထိခိုက်နိုင်သည့် ရှုပ်ထွေးသောကာလကို စိုးရိမ်နေကြကြောင်းသိရသည်။
အခွန်စည်းကြပ်ခံရသည့် ကနေဒါ မက္ကဆီကိုနှင့် တရုတ်တို့သည် အမေရိကန်အား တုန့်ပြန် အခွန်စည်းကြပ်သွားမည်ဟု ကတိပြုထားသည်။
ယနေ့ တနင်္လာနေ့ နံနက်ပိုင်းတွင် ဟောင်ကောင်မှ Hang Seng Index ကုမ္ပဏီမှာ 0.7% ကျဆင်းခဲ့ပြီး ဂျပန် Nikkei 225 သည် 2.8% ၊ တောင်ကိုရီးယားမှ Kospi 3% ကျဆင်းခဲ့ပြီး Australia မှ ASX 200 သည် 1.9% ကျဆင်းခဲ့သည်။
ထို့အပြင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပြီး ကနေဒါဒေါ်လာတန်ဖိုးသည် ၂၀၀၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။
KCM Trade ၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း စျေးကွက်လေ့လာသူ အကြီးအကဲ Tim Waterer က “ရင်းနှီးမြှုပ်နှံသူတွေအတွက် နောက်ထပ်စိုးရိမ်စရာကတော့ Trump ရဲ့ အခွန်စည်းကြပ်မယ့်စာရင်းမှာ ဘယ်နိုင်ငံတွေ ပါဝင်နိုင်မလဲဆိုတာပါပဲ။”ဟု ဆိုသည်။
Telegram»…
https://t.me/positiveanglenews