(ပြည်တွင်း) ဖေဖော်ဝါရီ ၃

ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ချောင်းကူးတံတားအား အကြမ်းဖက် KNU တပ်မဟာ ၁ လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှ ထောင်ထားသောမိုင်းများကို လုံခြုံရေးအဖွဲ့ဝင်မှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်နှင့် ဥတ္တံတားကျေးရွာကြား ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ချောင်းကူးတံတားအောက်တွင် လုပ်မိုင်းအကြီး ၁၂ လုံး ခန့်အား ဝါယာကြိုးများဖြင့်ချိတ်ဆက်သွယ်တန်း၍ ထောင်ထားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားအောက်တွင် အကြမ်းဖက် KNU တပ်မဟာ ၁ လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှထောင်ထားသော အလျား ၁၉ လက်မ၊ အနံ ၈ လက်ရှိ TNT ယမ်းများ အပြည့်စီထည့်ထားသော လက်မိုင်း ၁၂ လုံး၊ စနက်တံ ၂၃ ချောင်း၊ ဝါယာကြိုး အရှည် ၁၈ ပေခန့် တွဲလျက်ထောင်းထားသည်ကို တွေ့ရှိခဲ့ရပြီး လုံခြုံရေးအဖွဲဝင်များမှ သက်မဲ့ပြုလုပ်ကာ ရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိသည်။

Telegram»…
https://t.me/positiveanglenews