လူဝင်မှုဆိုင်ရာ အကြောင်းအရာများအပါအဝင် အခြားကိစ္စရပ်များဆွေးနွေးရန် ထရမ့်နှင့်တွေ့ဆုံရန် ဖိလစ်ပိုင်စီစဉ်


(နိုင်ငံတကာ) ဇန်နဝါရီ ၃၁

လူဝင်မှုဆိုင်ရာ အကြောင်းအရာများအပါအဝင် အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ က ပြောသည်။

ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများသည် အမေရိကန်ပြည်ထောင်စုရှိ ဖိလစ်ပိုင်နိုင်ငံသား အများအပြားအပေါ် သက်ရောက်မှုရှိလာနိုင်သောကြောင့် အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ မားကို့စ် က ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေခြင်းဖြစ်သည်။ သို့ရာတွင် တွေ့ဆုံဆွေးနွေးမည့်နေ့ရက် အတိအကျကိုမူ အသေးစိတ် ပြောကြားခြင်းမရှိပေ။

အမေရိကန်ပြည်ထောင်စုတွင် ထရမ့်က သမ္မတအဖြစ် ဒုတိယသက်တမ်း စတင်ထမ်းဆောင်ပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ အထောက်အထားမဲ့သူ အများအပြားကို ဖော်ထုတ်၍နေရပ်သို့ ပြန်ပို့နိုင်ရန်အတွက် စတင်လုပ်ဆောင် ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှာပင် အမေရိကန်အစိုးရသည် ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ခြင်းခံရသူများတွင် ဖိလစ်ပိုင်နိုင်ငံသား ၈၀ ဦးပါဝင်ကြောင်း ဖိလစ်ပိုင်သံအမတ် ဟိုဆေးမန်နျူရယ် ရိုမူးဒက် က ပြောကြားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN