(နိုင်ငံတကာ) ဇန်နဝါရီ ၃၀

အမေရိကန်တွင် ခရီးသည်၆၀ နှင့်အမှုထမ်း ၄ ဦးလိုက်ပါလာသည့်လေယာဉ်နှင့် အမေရိကန်စစ်တပ်ရဲ့ နာမည်ကြီး ရဟတ်ယာဉ် Black Hawk နှင့် တိုက်မိကာ မြစ်ထဲပျက်ကျခဲ့ကြောင်းသိရသည်။
PSAလေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် AA5342 Bombardier CRJ 700 အမျိုးအစားလေယာဉ်ဖြစ်ပြီး ဝင်တိုက်မိခဲ့သည့်လေယာဉ်မှာ Sikorsky UH-60 Black Hawk ရဟတ်ယာဉ်ဖြစ်ကြောင်းသိရသည်။
ခရီးသည်တင်လေယာဉ်သည် ဒေသတွင်း ပျံသန်းသည့်လေယာဉ်ဖြစ်ပြီး ကန်ဆက်(စ်)မှ ဝါရှင်တန်သို့ ပျံသန်းခဲ့ပြီး ရေဂင်အမျိုးသားလေဆိပ်တွင် ဆင်းသက်စဉ် ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်း ၈ နာရီ ၄၇ မိနစ်နစ်တွင် လေ့ကျင့်ပျံသန်းနေသည့် စစ်တပ်ရဟတ်ယာဉ်နှင့် တိုက်မိခဲ့ကြောင်းသိရသည်။
လေယာဉ်တိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများအား ကယ်ဆယ်ရန်ကြိုးပမ်းနေပြီး ခရီးသည်တင်လေယာဉ်မှ ခရီးသည်နှင့် အမှုထမ်း ၆၄ ဦး စစ်တပ်ရဟတ်ယာဉ်မှ ၃ ဦးပျောက်ဆုံးနေကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews