ရွှေပြည်သာမြို့နယ်တွင် လူငယ်တစ်ဦး ယာဥ်တိုက်မှုဖြစ်ပွား၍ သေဆုံး


(မှုခင်း) ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးရှိ လမ်းလယ်တွင် လူငယ် တစ်ဦး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က အမှတ်(၄)လမ်းမကြီးရှိ လမ်းလယ်တွင်ရပ်နေသည့် အမျိုးသား တစ်ဦးအား မော်တော်ယာဥ်တစ်စီးမှ တိုက်ပြီးမောင်းပြေးသွားကြောင်း၊ အဆိုပါ အမျိုးသားမှာ အသက် ၂၇ နှစ်အရွယ် ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်း (၂၆)ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်ခံရကြောင်း အမျိုးသားမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN