(ပြည်တွင်း) ဇန်နဝါရီ ၂၆
အကြမ်ဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ တအောင်းပလောင်လက်နက်ကိုင် TNLA က အဓမ္မနယ်မြေလုယက်ယူဆောင်ထားတဲ့ ကျောက်မဲဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်/သူနာြပုတွေနဲ့ TNLA အဖွဲ့၀င်တစ်ချို့ သေဆုံးတယ်လို့ TNLA ကပြောပါတယ်။

တပ်မတော်လေရဲ့ ဂျက်ဖိုက်တာတစ်စီးဟာ မနေ့က ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီ၂၅ မိနစ်နဲ့ ၂၉ မိနစ်ခန့်မှာ (၂)ကြိမ် ကျောက်မဲပြည်သူ့ဆေးရုံပေါ်ကို ဗုံး ဗုံး(၄) ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ကပြောပါတယ်။

ခုလိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ်ကတိုက်ပွဲတွေမှာ ဒဏ်ရာရထားတဲ့ TNLA နဲ့ PDF အဖွဲ့တွေ အဲဒီအဖွဲ့တွေကိုဆေးကုသပေးနေတဲ့ CDM ဆရာဝန်တွေ သူနာပြုတွေနဲ့ CDM ဆေးဝန်ထမ်းတွေ သေဆုံးသလို ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့ပေမယ့် အရေအတါက်အတိအကျကိုတော့ ထုတ်ပြန်ထားတာမတွေ့ရပါဘူး။

ထိုဗုံးကြဲချတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမ (၁)ဦး၊လူနာ (၁)ဦးသေဆုံးပြီး ကျန်မားရေးဝန်ထမ်းများ၊ CDM တွေသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ကို နယ်မြေကျူးကျော်ကာ အဓမ္မပစ်ခတ်ထိန်းချုပ်ပြီး ဒဏ်ရာရ TNLA နဲ့ PDF အဖွဲ့တွေကို ဆေးဝါကုသပေးနေတဲ့ ကုတင် (၁၅၀) ဆံ့ ကျောက်မဲပြည်သူ့ဆေးရုံဟာ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတစ်ခုလုံး ပျက်စီးသွားပြီလို့လည်း TNLA ရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အစည်းအဝေးလုပ်နေတဲ့ နောင်ချိုထွေအုပ်ရုံးနဲ့ TNLA ဆေးမှူး အိုက်ဟနဲ့ PDF အဖွဲ့ဝင်တွေ စုဝေးရောက်ရှိနေတဲ့ နောင်ချိုရဲစခန်းအနီးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်နဲ့ နောင်ချိုရဲစခန်းကိုလည်း လေကြောင်းကတိုက်ခိုက်ခဲ့ သေဆုံးသူများပြားခဲ့သလို ပြင်းထန်ဒဏ်ရာရရှိသူတွေလည်း များပြားတယ်လို့ သိရပါတယ်။
#PAN #TNLA #ကျောက်မဲဆေးရုံ