(အားကစား) ဇန်နဝါရီ ၂၆

အေစီမီလန်အသင်းမှာ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ အသင်းဂန္ထဝင်ကစားသမား အီဘရာဟီမိုဗစ် က မန်ယူတိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် ကိုခေါ်ယူရန်ခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက အသင်းမှပြောင်းရွှေ့ရန် စီစဉ်နေတဲ့ နောက်ခံကစားသမား အာရူဂျို ကို လာမည့် ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် အာရူဂျို ဟာ ခြေစွမ်းပိုင်းထက်မြက်သော်လည်း ဒဏ်ရာမကြာခဏရရှိနေခဲ့လို့ ဘာစီလိုနာအသင်းက အရောင်းစာရင်းတင်ခဲ့ရာ ဂျူဗင်တပ်အသင်းက တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။
အာရူဂျို နဲ့ ဘာစီလိုနာအသင်းရဲ့ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်ထိ သက်တမ်းရှိနေပြီး မကြာသေးမီက ကစားသမားအနေနဲ့ ကြွက်သားဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နောက်ထပ်ငါးနှစ် သက်တမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews