(အားကစား) ဇန်နဝါရီ ၂၅

ဘရိုက်တန်အသင်း တောင်ပံကစားသမား အန်စီဆို ဟာ မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး အစ်ဝှစ်အသင်းကို ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
အသက် ၂၁ နှစ်အရွယ် အန်စီဆို ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘရိုက်တန်အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ရာသီကုန်တွင် ဒူးဒဏ်ရာကြောင့် ခြောက်လခန့်ထိ အနားယူခဲ့ရကာ ဒဏ်ရာမှ သက်သာလာချိန်တွင် ပွဲထွက်ခွင့်နည်းပါးနေခဲ့လို့ လက်ရှိဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အစ်ဝှစ်အသင်းက အန်စီဆို ကို အစောပိုင်းတည်းက ကမ်းလှမ်းမှုများပြုလုပ်ထားပြီး မန်ယူအသင်းက ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ကြားဖြတ်ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အန်စီဆို ကိုယ်တိုင် က မန်ယူ အသင်းကို ငြင်းပယ်ခဲ့ပြီး အစ်ဝှစ်အသင်းသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
မန်ယူအသင်း တောင်ပံကစားသမား ဂါနာချို က အသင်းနဲ့အနာဂတ် မရေမရာဖြစ်နေပြီး ပြောင်းရွှေ့ သွားပါက အသင်းတောင်ပံတိုက်စစ်အတွက် အန်စီဆို ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရခြင်းဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews