(မှုခင်း) ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၄)၊ ခဲလယ်လမ်းတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲကျော်ချိန်ခန့်က ထော်လာဂျီ(၁)စီးမြောင်းထဲကျ၍ လူ(၁)ဦး ပိတ်မိနေကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များထံမှခဲ့ကြောင်း သိရသည်။

ယင်း ထော်လာဂျီတိမ်းမှောက်သည့် နေရာသို့ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် မ ၂ ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေး အသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews