နေပြည်တော်၌ ဒုတိယအကြိမ်မြောက် ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကျင်းပမည်


(ပြည်တွင်း) ဇန်နဝါရီ ၂၅

ဆေးကုမ္ပဏီများက သုံးစွဲသူပြည်သူများသို့ ဒုတိယအကြိမ်မြောက် ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကို နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာကန်တော်ခန်းမ(မြင်းရုပ်အနီး)၌ ဇန်နဝါရီလ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဆေးကုမ္ပဏီ ၄၀ က ဆေးဝါးမျိုးစုံကို ပါဝင်ပြသရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း အရောင်းစင်တာများကို ထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများက ဆေးဝါးများကို သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ရောင်းချခြင်းများ ပြုလုပ်ပေး သွားမည်ဖြစ်ပြီး ဆေးဝါးသုံးစွဲသူပြည်သူများအနေနဲ့ မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများကို အဆိုပါ ဆေးဝါးအရောင်းစင်တာများတွင် သွားရောက်လေ့လာဝယ်ယူနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN