(အားကစား) ဇန်နဝါရီ ၁၂
အာဆင်နယ်အသင်းက တောင်ပံတိုက်စစ်ကစားသမား ဆာကာ ကာလရှည်အနားယူမှာဖြစ်လို့ တိုက်စစ်ပိုင်း အတွက် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မူအာနီ ကို အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်း နေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ပုံမှန်နေရာမရဖြစ်နေတဲ့ မူအာနီ ကို စီးရီးအေထိပ်သီး ကလပ် ဂျူဗင်တပ်စ်၊ အေစီမီလန်အသင်းတို့နဲ့အပြိုင် စိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။
မူအာနီ ကို အငှားဖြင့်သာ ခေါ်ယူနိုင်ခဲ့ပါက ကစားသမားရဲ့ တစ်နှစ်လစာငွေဖြစ်တဲ့ ယူရို လေးသန်းပမာဏခန့် ပေးချေရဖွယ်ရှိပြီး ပီအက်စ်ဂျီ အသင်းကလည်း မူအာနီ ကို အငှား သို့မဟုတ် အပြီးသတ်ရောင်းချသွားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။
မူအာနီ ဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာ နှစ်သက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ယခုဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းကို ထိပ်တန်းကစားသမားများနဲ့ အားဖြည့်ရန် စီစဉ်နေကြောင်း သိရပါတယ်။
#PAN #ပုဂံ #ခရီးသွား