(ပြည်တွင်း) ဇန်နဝါရီ ၁
ပြည်တွင်းထုတ်ဓာတ်ဆီတွေကို နေပြည်တော်က နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်နဲ့ မန္တလေးက နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်နှစ်ဆိုင်မှာ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါ တယ်။

ပြည်တွင်းစက်သုံးဆီတွေကို သန်လျင်ရေနံချက်စက်ရုံ၊ ချောက်ရေနံချက်စက်ရုံနဲ့ သံပုရာကန်ရေနံချက် စက်ရုံတွေ ကနေ ထုတ်လုပ်ပေးနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
အဆိုပါ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်သုံးဆိုင်မှာ ပြည်တွင်းထုတ်ဓာတ်ဆီကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက် ကစပြီး ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပြီး ပဲခူးတိုင်းဒေသကြီးက နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်နဲ့ ရှမ်းပြည်နယ်က နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တို့မှာလည်း ဇန်နဝါရီလထဲမှာ ပြည်တွင်း ထုတ်ဓာတ်ဆီတွေ ဖြန့်ဖြူးရောင်းချနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။
#PAN