(နိုင်ငံတကာ) ဒီဇင်ဘာ ၂၄

ယူကရိန်းပဋိပက္ခ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းနိုင်စေရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်း နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ဒီဇင်ဘာလ ၂၃ ရက်တွင် ပြောသည်။
တောင်ကမ္ဘာခြမ်းမှ နိုင်ငံအများအပြားပါဝင်သည့် ယူကရိန်း ပဋိပက္ခဆိုင်ရာ ငြိမ်းချမ်းရေးမိတ်ဆွေများအဖွဲ့ဟူသော အဖွဲ့ကို ယခုနှစ်စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ထိုအဖွဲ့မှတာဝန်ရှိသူများက တွေ့ဆုံစဉ် ထိုသို့ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မော်နင်း က ဆက်ပြောသည်။
ထို့ပြင် ယင်းအဖွဲ့သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေများနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို လေ့လာသုံးသပ်တွက်ချက်မှုများ လုပ်ပြီး မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အခြေအနေတင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု ထုတ်ပြန်ထားသည်။
အလားတူ အဆိုပါအဖွဲ့သည် နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏တရားဝင်ရပ်တည်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများအပေါ် လေးစားမှုဟူသော အခြေခံ သဘောတရားများကို လက်ကိုင်ထားကာ နိုင်ငံတကာ ပဋိပက္ခများကို ငြိမ်းချမ်းသောဖြေရှင်းနည်းကို အသုံးပြု၍ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများကို လျှော့ချရေးအတွက် တောင်းဆိုကြောင်း မော်နင်း ကပြောသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews