(နိုင်ငံတကာ) ဒီဇင်ဘာ ၁၂

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရုရှား ယူကရိန်းစစ်ပွဲအားချက်ချင်း အပစ်ရပ်သည်ကိုလိုချင်ကြောင်း ယူကရိန်းသမ္မဇယ်လန်းစကီးကို ပြောဆိုခဲ့သည်။
ထရမ့်သည် ယူကရိန်းသမ္မတ ဇယ်လန်းစကီး ပြင်သစ်ဝန်ကြီးချုပ် အီမန်နျူရယ် မက်ခရွန်တို့နှင့်တွေ့ဆုံစဉ် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
ခိုင်မာသည့် သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ အဆိုပါ နိုင်ငံ့ခေါင်းဆောင် ၃ ဦးသည် ရုရှား ယူကရိန်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့ခြင်း မရှိကြောင်းလည်း ဖော်ပြထားသည်။
သို့သော်လည်း ထရမ့်က “အမြန်ဆုံး အပစ်အခတ်ရပ်စဲတာကို လိုချင်တယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြီး စစ်ပွဲကို ရပ်တန့်ပစ်ဖို့လိုချင်တယ်”ဟု ပြောကြားခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews