စပိန်လာလီဂါ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘယ်လင်ဟမ် ဆွတ်ခူး


(အားကစား) နိုဝင်ဘာ ၂၃

စပိန်ဘောလုံးသမားများအဖွဲ့ချုပ်(Spanish Footballer’s Association)က ရွေးချယ်ပေးအပ်သည့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် က ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်ရှိ ဘယ်လင်ဟမ် အနေနဲ့ ၂၀၂၃ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဒေါ့မွန် အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။

၂၀၂၃-၂၄ ရာသီမှာ ရီးရဲလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၂ ပွဲတွင် ၂၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အတွက် စပိန်ဘောလုံးသမားများအဖွဲ့ချုပ်က ရွေးချယ်ပေးအပ်တဲ့ စပိန်လာလီဂါပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး အစားသမားဆုကို အသင်းဖော် ဗင်နီစီးယက်စ် ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။

ဘယ်လင်ဟမ် အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ယခုနှစ်ဘောလုံးရာသီတွင် သွင်းဂိုးများရယူနိုင်ရန် ရုန်းကန်နေရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN