မိတ္ထီလာ ရှမ်းတဲလေတပ်အား တိုက်ခိုက်လာသည့် Fixed Wing Drone များ လေထဲ၌ ပစ်ချခံရ


(ပြည်တွင်း) နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ပြည်သာယာ(မြောက်)ရပ်ကွက်နှင့်ဇောင်ချမ်းကုန်းရပ်ကွက်များပေါ်သို့ Fixed Wing Drone များ ပျံသန်းလာစဥ် လေထဲ၌ ၈စီးခန့် ပေါက်ကွဲမှုဖြစ်ပွားပြီး အောက်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က မိတ္ထီလာမြို့နယ်၊ရှမ်းတဲကျေးရွာမြောက်ဘက် ရှမ်းတဲလေတပ်အား အကြမ်းဖက်PDFများမှ Fixed Wing Drone များဖြင့် တိုက်ခိုင်ရာ လေကြောင်းရန်ကာကွယ်ထိန်းချုပ်မှုကြောင့် အဆိုပါ Drone ၈ စီးမှာ ပြောင်းခင်းအတွင်းတွင် ၁စီး၊ကျီတော်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊Grand CosmosHotel အနီးတွင် Fixed Wing Drone အပိုင်းအစ ၁ ခု၊ပြည်သာယာ (မြောက်)ရပ်ကွက်ရှိ မဟူရာသုဿန်တွင် Fixed Wing Drone ၁ စီးတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ဖြစ်ပွားရာနေရာများမှာ သက်ဆိုင်ရာ မိတ္ထီလာတပ်နယ်မှလုံခြုံရေးတာဝန်ရှိသူများက Drone လွှတ်တင်သော နေရာအား စုံစမ်းစစ်ဆေး ရှာဖွေလျက်ရှိကြောင်း Drone များ ပေါက်ကွဲပျက်ကျမှုကြောင့် အဆောက်အ ဦး/လူ ထိခိုက်ပျက်စီးမှုမရှိကြောင်း ကနဦး သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN