(နိုင်ငံတကာ)ဩဂုတ် ၈

ယူကရိန်းနိုင်ငံက ရုရှားကို တိုက်ခိုက်ခြင်းသည် ရုရှားနိုင်ငံပိုင် ခု(စ်)ဒေသကို ကျူးကျော်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဩဂုတ်လ ၇ ရက်တွင်ပြောသည်။
ယူကရိန်းတပ်ဖွဲ့များသည် ဒုံး လက်နက်များအပါအဝင် အမျိုးမျိုးသောလက်နက်များဖြင့် အရပ်ဘက်အဆောက်အအုံများ၊ နေအိမ်များ၊ လူနာတင် ယာဉ်များကို အဆင်အခြင်မဲ့ ပစ်ခတ်မှုများလုပ်ဆောင်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးတွင် ပူတင် က ပြောသည်။
ထိုသို့ တိုက်ခိုက်မှုခံရသော ခု(စ်)ဒေသအတွက် အရေးပေါ်ထောက်ပံ့မှုများပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသအုပ်ချုပ်ရေးမှူး အန်ဒရီမီယာနော့နှင့် အမြဲမပြတ်ဆက်သွယ်မှုရယူလျက်ရှိကြောင်း ပူတင်က ဆက်ပြောသည်။
ရုရှားတပ်ဖွဲ့များသည် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုလုပ်ဆောင်ရန် ကြိုးပမ်းသော ယူကရိန်းတပ်ဖွဲ့များ ကို ထိခိုက်ဒဏ်ရာများဖြင့် ဆုတ်ခွာသွားအောင် တုံပြန်တိုက်ခိုက်လိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ထို့ပြင် ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် ရုရှားဒေသအတွင်း ခြေကုပ်ယူရယူရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့သည့်အပြင် စစ်သည်ရာပေါင်းများစွာဆုံးရှုးမှု၊ လက်နက်ကြီးများ ပျက်စီးမှုတိုနှင့်သာ ရင်ဆိုင်လိုက်ရကြောင်း ရုရှား စစ်ဘက်ပြောသည်။
Telegram»…
https://t.me/positiveanglenews
PAN
#SZ