တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်း

သြဂုတ် ၈

ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်းဟာ လာမည့် စက်တင်ဘာလ(၆) ရက်တွင် တူရကီနိုင်ငံသားဖိုက်တာ ရှာမေးလ် အာဒိုဂန် ဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ပြိုင်ဘက်နှစ်ဦးအနေဖြင့် အမေရိကန်နိုင်ငံ ဒန်ဗာမြို့တွင် ကျင်းပပြုလုပ်မည့် ONE 168 ပွဲစဉ်၏ ခြောက်ထောင့် ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း အောင်လအန်ဆန်း၏ ပထမဆုံးပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။
တူရကီနိုင်ငံသားဖိုက်တာ ရှာမေးလ် အာဒိုဂန် က အောင်လအန်ဆန်အား နှစ်ချီမပြည့်ခင် အလဲထိုး သွားမည်ဟု ကြုံးဝါးထားသလို အောင်လအန်ဆန်းဘက်ကလည်း သုံးချီအတွင်း အမြန်ပွဲသိမ်းနိုင်ရန် ကြိုးစားလေ့ကျင့် ပြင်ဆင်နေသည်ဟု ဆိုထားပါတယ်။
အာဒိုဂန်နှင့် ထိုးသတ်မည့် ယခု ပွဲစဉ်သည် အောင်လအန်ဆန်းအတွက် အရေးကြီးထိုးသတ်ရမည့် ပွဲစဥ်တစ်ခုဖြစ်ပြီးယင်းပွဲကို အနိုင်ရရှိပါက မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပါတ်လုပွဲအတွက် ဆုံးဖြတ်ချက်ချသွားရမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပြိုင်ပွဲတွင် တွဲဆိုင်း(၁၂) ဆိုင်း ပါဝင်မည်ဖြစ်ကာ ခေါင်တွဲဆိုင်းအနေဖြင့် ဂျိုနသန် ဟက်ကာတီ၏ ဘမ်တန်ဝိတ်တန်း မွေထိုင်းခါးပတ်ကို စူပါလတ်က စိန်ခေါ်ထိုးသွားမည်ဖြစ်ကာ ဒုတိယခေါင်တွဲဆိုင်းတွင် ကိတ်ရူလိုတိုလိုနှင့် မိုက်ကီတို၏ Submission Grappling ချန်ပီယံပွဲစဉ် တို့ ပါဝင်မည်ဖြစ်ပါတယ်။